နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့မဈေးကြီးတွင် မသန်စွမ်းသူများအတွက် သွားလာရေးအဆင်ပြေစေရန် ဈေးစည်ပင်မှ ဆောင်ရွက်ထား
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးကြီး၏ အတွင်း၊ အပြင် လူသွားလမ်းများတွင် နိုင်ငံတကာအဆင့်မီ မသန်စွမ်းသူများအတွက် သွားလာရေးအဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိပြီး ယခင်က ယင်းနေရာတွင် ရောင်းချနေသည့် စားသောက်ဆိုင်နှင့် အထွေထွေကုန်ပစ္စည်း အရောင်းဆိုင်များကို အသစ်ပြန်လည်နေရာချထားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဈေးစည်ပင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။






