ရိုးရာမြေအိုးလုပ်ငန်း အစဉ်အလာမပျက် လုပ်ကိုင်လျက်ရှိ

မြန်မာ့ရိုးရာမြေအိုးလုပ်ငန်းကို ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ သက်ရွာတွင် အစဉ်အလာမပျက်ထိန်းသိမ်းလုပ်ကိုင်လျက်ရှိသည်။
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၄၁)လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ 

ပွင့်ဖြူ       ၂၁     ဖေဖော်ဝါရီ         

နိုင်ငံတော်သမ္မတဦးဝင်းမြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် ဦးအောင်မျိုးမြင့်အား လမ်းညွှန်မှာကြား
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဂျကာတာမြို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် ဦးအောင်မျိုးမြင့်အား လမ်းညွှန်မှာကြားသည်။
ငဖဲမြို့နယ်ရှိ ကျေးရွာ ၇ ရွာ၌ တစ်အိမ်သုံး ဆိုလာစနစ် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မဟာဓါတ်အားလိုင်းနဲ့ (၁၀)မိုင်အထက်ဝေးကွာပြီး နောင်(၁၀)နှစ် (သို့) (၁၅)နှစ်အတွင်း မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးမရနိုင်သော ကျေးရွာများအနက် ကျေးရွာ ၇ ရွာရှိ အိမ်ခြေ ၃၈၉ အိမ်တွင်  အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(NEP) ဖြင့်  တစ်အိမ်သုံးဆိုလာစနစ်အသုံးပြုကာ အကြို လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်ထံမှ သိရသည်။
စလင်းမြို့နယ်တွင် ကျောင်းသားကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ပေးနေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို မည့်ကျောင်းသားကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ယမန်နေ့ ဖေဖေါ်ဝါရီ လ ၂၀ ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိသက်ဆိုင်ရာစာစစ်ဌာန အသီးသီး၌ စတင်ထုတ်ပေးနေကြောင်း သိရသည်။ 
ဖာပွန်မြို့နယ်၌ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ကတ်များ ထုတ်ပေး
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်များကို ဖေဖော်ဝါရီလ ၂၁ ရက်မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ 
ရထားနှင့် ပက်သက်ပြီး လူနှင့် တိရစ္ဆာန် ယာဉ်တိုက်မှုမဖြစ်ပွားစေရန်နှင့် ရထားမီးလောင်မှုဖြစ်စဉ်များ ကင်းဝေးစေရန် ပညာပေးဟောပြော
မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့နယ် ရထားရဲတပ်ဖွဲ့အမှတ်(၁၈)တပ်ခွဲမှ ခေတ္တတပ်ခွဲမှူး ရဲအုပ်ဇော်လွင်ဦးနှင့် တပ်ဖွဲ့ဝင်များ ၊ မင်းဘူးမြို့နယ်မီးသတ်ဦးစီးဌာန၊ မင်းဘူးဘူတာမှ တာဝန်ခံရုံပိုင် ဦးကျော်ကျော်ဦး ဦးဆောင်သော ဝန်ထမ်း များနှင့် ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၁ ရက် ၊ နံနက် ၉ နာရီခွဲက မင်းဘူးဘူတာရှိ မီးရထားဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရထားနှင့် ပတ်သက်ပြီး လူနှင့်တိရစ္ဆာန် ယာဉ်တိုက်မှုမဖြစ်ပွားစေရန်နှင့် ရထားမီးလောင်မှုဖြစ်စဉ်များ ကင်းဝေးစေရေးအတွက် အသိပညားပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။