ငဖဲမြို့နယ်၊ လင်းတဲကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများ အကြားဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ ၃ နာရီက ငဖဲမြို့နယ်၊တောင်ပေါ်ဒေသ လင်းတဲကျေးရွာအခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပသည်။






