နိုင်ငံတော်သမ္မတဦးဝင်းမြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် ဦးအောင်မျိုးမြင့်အား လမ်းညွှန်မှာကြား

နေပြည်တော်  ၂၁   ဖေဖော်ဝါရီ 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဂျကာတာမြို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် ဦးအောင်မျိုးမြင့်အား ယနေ့နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သမ္မတရုံးခန်း၌ တွေ့ဆုံပြီး လိုအပ်သည့်မူဝါဒများကို လမ်းညွှန်မှာကြားသည်။

(သတင်းစဉ်)