မွေးရာပါနှလုံးရောဂါဖြင့် ဆေးဝါးကုသနေသည့် ကလေးငယ်အား အလှူငွေထောက်ပံ့လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါနှလုံးရောဂါကြောင့် တက်ရောက်ဆေးကုသမှု ခံယူနေသည့် ကလေးငယ်အတွက် ဆေးကုသမှုစရိတ် ထောက်ပံ့လှူဒါန်းခြင်းကို ဖေဖော်ဝါရီ ၂၁ ရက် ၊ ညနေ ၅ နာရီက ညောင်ဦးမြို့ ၊ မြတ်ပါရမီပရဟိတလူမှုကူညီရေးအသင်းက အလှူငွေများ သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။







