ကျောက်ဆည်မြို့တွင် အဝေးပြေးယာဉ်ရပ်နားစခန်း ပန္နက်တင်ပွဲပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှောင်လမ်းဘေး၊ ဖောင်ရွာရပ်ကွက်အနီး ယခင်သုသာန်ဟောင်းမြေနေရာအား အဝေးပြေးယာဉ်ရပ်နားစခန်း ပြုလုပ်ရန်အတွက် ယနေ့နံနက်ပိုင်းက ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်တို့က အမှာစကားများပြောကြားခဲ့သည်။







