နေပြည်တော် ပုဗ္ဗသီရိဈေး ပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ်စေရန် အမှိုက်ကောက်ခြင်း Campaign ဆောင်ရွက်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ဒေါ်စံပယ်ထွေး ဦးဆောင်၍ ဌာနကြီးမှူး ဦးစိုးဟန်၊ ဈေးများဌာန၊ဌာနမှူး ဦးတိုင်းကျော်၊ ပုပ္ဗသီရိမြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ ဈေးဝန်ထမ်းများ၊ မျှဝေသောလက်များပရဟိတအဖွဲ့၊ ဈေးကော်မတီအဖွဲ့များနှင့် ဈေးသူဈေးသားများ ပါဝင်လျက် စုစုပေါင်း အင်အား(၁၀ဝ)ကျော်ဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ပုပ္ဗသီရိဈေး ပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ်စေရန်အတွက် စုပေါင်း အမှိုက်ကောက်ခြင်း Campaign ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။





