ကမာရွတ်မြို့နယ်၌ မြေအောက်လမ်းကူး လူသွားဥမင်တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ
ကမာရွတ်မြို့နယ် ရန်ကုန်ပညာရေးတက္ကသိုလ်အနီး ပြည်လမ်းအောက်တွင် ဖြတ်သန်းဖောက်လုပ်မည့် မြေအောက်လမ်းကူးလူသွား ဥမင်တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါဉမင်တည်ဆောက်မည့်နေရာ၌ ကျင်းပခဲ့သည်။




