ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မလတ်တောင် မြေပြိုမှုကြောင့် ဘေးသင့်သောပြည်သူများကို ပြန်လည်နေရာချထားမည့်နေရာအား ကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အတူ ယမန်နေ့ ညနေပိုင်းက ပေါင်မြို့နယ်၊ ရဲပြားကုန်းကျေးရွာတွင် ၂၀၁၉ ခုနှစ် မိုးသည်းထန်စွာ ရွာသွန်းပြီး မလတ်တောင် မြေပြိုမှုကြောင့် ဘေးသင့်သောပြည်သူများ ပြန်လည်နေရာချ ထားမည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။




