ဖလမ်းမြို့၌ အိမ်တွင်းအကြမ်းဖက်မှုကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲနှင့် Wheel Chair ပေးအပ်လှူဒါန်းပွဲကျင်းပ

ဖလမ်း  ၂၄  ဖေဖော်ဝါရီ 
 
ဖလမ်းမြို့ မြို့နယ်ခန်းမ၌  အိမ်တွင်းအကြမ်းဖက်မှုကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲနှင့် Wheel Chair လှူဒါန်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် ည ၆ နာရီက ပြုလုပ်သည်။

ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး၊ Dingdi Dream Organization နာယက ဒေါက်တာအန်နာရွှေလွှမ်းက အိမ်တွင်းအကြမ်းဖက်မှုကာကွယ်တားဆီးရေးအသိပညာပေးဟောပြော ဆွေးနွေး သည်။

ထို့နောက် Dingdi Dream Organization နာယကနှင့် ပြည်နယ်လူမှးရေးဝန်ကြီးတို့က ဖလမ်းမြို့နယ်အတွင်း မသန်စွမ်းသူ(၁၅) ဦးအတွက် Wheel Chair(၁၅)ခု ပေးအပ်လှူဒါန်းကြရာ မသန်စွမ်းသူများက လက်ခံရယူခဲ့ကြကြောင်းသိရသည်။

ဂျွန်( ပြန်/ဆက် )