စားသောက်ဆိုင်များမှ ကိုရိုနာဗိုင်းရပ်(စ်)ပိုး ကူးစက်မှုမရှိစေရန် ပါဆယ်များဖြင့်ရောင်းချ

နွားထိုးကြီးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နိုင်မှု မရှိစေရန်နှင့် လူများထူထပ်မှု မရှိစေရန် အတွက် နွားထိုးကြီးမြို့ အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်အတွင်း စားသောက်မှု မရှိစေရန်၊ ပါဆယ်ထုပ်များဖြင့်သာ ရောင်းချရန် အသိပညာပေးခဲ့ကြ
ကောလင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတိုးမြှင့် ဆောင်ရွက်

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပေ ၁၈၀ အောက် တံတားတည်ဆောက်မှုလုပ်ငန်းများ (၆၃) ရာခိုင်နှုန်း ပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်းတံတားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အတွင်း ပေ (၁၈၀) အောက်တံတား တည်ဆောက်မှုလုပ်ငန်းများ (၆၃) ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးမြင့်ထံမှ သိရသည်။
သောက်သုံးရေအခက်ကြုံနေသည့် ကျေးရွာများအား သောက်သုံးရေများ သွားရောက်လှုဒါန်း
မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ် ကောင်းညိုကျေးရွာနှင့် ကန်နီကြီးတဲတိုက်ရှိ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် မတ် ၂၆ ရက် ၊ နံနက် ၉ နာရီခွဲက ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာပရဟိတ ရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းတို့ ပူးပေါင်းအဖွဲ့က ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 
မော်လမြိုင်ကျွန်းမြို့နယ်တွင် အိမ်တိုင်ဟောင်း တူးဖော်ရာမှ လက်ပစ်ဗုံးနှင့်ကျည်ဆံများတွေ့ရှိ
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၃)ရပ်ကွက်တွင် မတ်လ(၂၅)ရက်နေ့က အိမ်သစ် ဆောက်လုပ်ရန်အတွက် နေအိမ်ဟောင်းအား  မြေကျင်းတူးနေစဉ် လက်ပစ်ဗုံးနှင့် ကျည်ဆံဟောင်း အချို့အား တူးဖော်တွေ့ရှိခဲ့ကြောင်းသိရသည်။
ကန့်ဘလူမြို့နယ်တွင် လယ်မြေဧက ၂၀ဝ ကိုစက်မှုလယ်ယာမြေအဖြစ် စနစ်တကျဖော်ထုတ်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ခါးတောက်ရင်းကျေးရွာအုပ်စု ကံရိုးကျေးရွာမှဒေသခံတောင်သူ ၈၂ ဦး၏ လယ်ယာမြေ ဧက ၂၀ဝ ကိုလက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲစိုက်ပျိုးနိုင်ရန် စနစ်ကျစက်မှုလယ်ယာများအဖြစ် ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
ဝန်းသိုမြို့နယ်တွင် COVID-19  ရောဂါ  အသိပညာပေးဆောင်ရွက်