ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် တရားဝင်မြန်မာအလုပ်သမားများကို စနစ်တစ်ကျ ပြန်လည်စိစစ်လက်ခံ
မြန်မာ-ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ မြန်-ထိုင်း ချစ်ကြည်ရေးတံတား(၁)တွင် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမားများမှ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများကို မတ် ၂၅ ရက်တွင် စနစ်တစ်ကျ ပြန်လည်လက်ခံလျက်ရှိသည်။







