COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ဝါးခယ်မမြို့မစျေးတွင် ပိုးဆေးဖြန်းခြင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်သည့် အနေဖြင့် မြို့မစျေးအတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ကျန်းမာရေး အထောက်အကူပြုအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းပြီး မြို့မစျေးအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများအား ယနေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။







