မိုးညှင်းမြို့ရှိ ဘူတာရုံနှင့်စောင့်ကြည့်လူနာများထားရှိရန်နေရာများကို သန့်ရှင်းရေးဆောင်ရွက်ပြီး ပိုးသတ်ဆေးပက်ဖျန်း
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် စောင့်ကြည့်လူနာများထားရှိရန်နေရာနှင့် ဘူတာရုံတို့တွင်မြို့နယ်စီံမံခန့်ခွဲမှုကော်မတီနှင့် တာဝန်ရှိသူများပူးပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့်ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။








