IDP စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော်   ၁၆  ဧပြီ

 

မင်းဘူးမြို့တွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

မင်းဘူး ၁၆  ဧပြီ        

 

ပွင့်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း ပိုးသတ်ဆေးများ လိုက်လံပက်ဖျန်း
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်တွင် တစ်အိမ်တက်ဆင်း ပိုးသတ်ဆေးများ လိုက်လံပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းအား ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာလတွင် ယာယီပျံကျဈေးအဖြစ် အသုံးပြု ဆောင်ရွက်သွားမည်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချခြင်းများကို ခေတ္တပိတ်ထားချိန်၌ မင်းဘူးမြို့ ခရိုင်အားကစားကွင်းအား ယာယီပျံကျဈေးအဖြစ် အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်းကျိုက်မြို့၌ ကျောက်သင်္ဘောရေတံခွန် ဘောလုံးကွင်းတွင် ယာယီပျံကျဈေး ပြုလုပ်ရောင်းချလျက်ရှိ
မွန်ပြည်နယ် ဇင်းကျိုက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လူစုလူဝေးဖြစ်ပေါ်မှု မရှိစေရန်အတွက် ဇင်းကျိုက်မြို့ရှိ ဗိုလ်ချုပ်ဈေးကိုခေတ္တပိတ်ပြီး ယနေ့နံနက်ပိုင်းမှစတင်ကာ ကျောက်သင်္ဘောရေတံခွန် ဘောလုံးကွင်း သို့ ယာယီပျံကျဈေး ပြုလုပ်ရောင်းချခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး  ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှစတင်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။