တွန်းဇံ၌ တရုတ်မှ ပြန်လာပြီး စောင့်ကြည့်ခံရသူ နှစ်ဦးအား ပြည်နယ်လူမှုရေးဝန်ကြီး သွားရောက်အားပေး

ငဖဲမြို့နယ်အားကစားကွင်း၌ ပျံကျဈေးသည်များအား ယာယီဖွင့်လှစ်ရောင်းချခွင့်ပြုမည်

ပွင့်ဖြူမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေး
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြုစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချနေသော ဈေးများအားလုံး ယာယီပိတ်ထားလျက်ရှိရာ မြို့ပေါ်ရပ်ကွက်နေပြည်သူများ အခြေခံစားသောက်ကုန် ပစ္စည်းများ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဧပြီ ၁၆ ရက် ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့ ၊ ရွှေသုံးဘီးယာဉ်အဖွဲ့နှင့် မြို့ပေါ်ရှိ ပရဟိတလူငယ်များအဖွဲ့က ဦးဆောင်ကာ မော်တော်ယာဉ်နှင့် သုံးဘီးဆိုင်ကယ်များ အသုံးပြု၍ အိမ်တိုင်ရာရောက်စနစ်ဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 
ဒေးဒရဲမြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့သော အခြေခံစားသောက်ကုန်များ ဖြစ်သည့်  ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ (၅)မျိုးတို့ကို ဧပြီလ ၁၁ ရက်နေ့မှစ၍ အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိရာ ယမန်နေ့က ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၁)ရွာမှ  အိမ်ထောင်စုပေါင်း (၄၉၄၄)စုတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ စသည့် အခြေခံစားသောက်ကုန် (၅)မျိုးစီတို့ကို အဆိုပါကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအားလုံးထံသို့ စားသောက်ကုန်ပစ္စည်း(၅)မျိုး ထောက်ပံ့ပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးသည့် အခြေခံစားသောက် ကုန်ပစ္စည်း(၅)မျိုးကို ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအားလုံးထံသို့ ထောက်ပံ့ ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်အခြေခံစားသောက်ကုန်ပစ္စည်းများ လက်ခံရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
ဘိုကလေးမြို့နယ်တွင်  အခြေခံလူတန်းစားများအား စားသောက်ကုန်ပစ္စည်း(၅)မျိုး တစ်ဦးချင်းစနစ်ဖြင့် စနစ်တကျ ဖြန့်ဝေပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကာလဖြစ်သည့်အပြင် မဟာသင်္ကနြ်ကာလဖြစ်သည့်အတွက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်များအား ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် အခမဲ့ဝေငှ ဖြန့်ဖြူးပေးလျက်ရှိရာ  ယနေ့ နံနက် ၈ နာရီတွင် ဘိုကလေးမြို့၊ အမှတ်(၄)ရပ်ကွက် အတွင်းရှိ အခြေခံလူတန်းစား (၂၇၅) ဦးတို့အား အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။