လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသည့် အကျဉ်းသားများအား ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ခြင်းများပြုလုပ်

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့်   ၂၀၂၀ ပြည့်နှစ် ဧပြီလ(၁၇)ရက်နေ့ မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် ပဲခူတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား/သူ(၁၆၉၀)တို့ လွတ်ငြိမ်းခွင့် ရရှိခဲ့ကြောင်း သိရ
မတ္တရာမြို့  မြို့မဈေးပတ်ဝန်းကျင်ရှိ ပျံကျဈေးသည် (၂၀ဝ)ကျော်အား ပြောင်းရွှေ့ရောင်းချစေမည်
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့ မြို့မဈေးပတ်ဝန်းကျင်ရှိ ပျံကျဈေးသည်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လူစုလူဝေးများ မဖြစ်စေရန် ရည်ရွယ်၍ ဗိုလ်တေဇပန်းခြံရှေ့မှ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက်တွင် ဧပြီလ ၁၈ ရက် နံနက်ပိုင်းမှ စတင်၍ ပြောင်းရွှေ့ရောင်းချသွားစေမည်ဖြစ်ကြောင်း သိရ
တပ်ကုန်းမြို့တွင် ကင်းသာ(၁ / ၂) ကုန်ထုတ်စခန်းမှ အကျဉ်းသား(၄၇၃)ဦး လွတ်ငြိမ်းခွင့်ရရှိ
မြန်မာနှစ်သစ် မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)အရ အကျဉ်းထောင်၊ စခန်းအသီးသီးရှိ အကျဉ်းသား/သူ စုစုပေါင်း (၂၄၈၉၆)ဦးတို့အား စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလျက်ရှိရာ  ဧပြီ ၁၇ ရက်နံနက်ပိုင်းတွင်  နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာ(၁ / ၂) ကုန်ထုတ် စခန်းမှ အကျဉ်းသား(၄၇၃)ဦး လွတ်ငြိမ်းခွင့် ရရှိ
ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးလွတ်ငြိမ်းခွင့်ပေး
နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ဖြင့် ဧပြီလ(၁၇) ရက် နံနက်ပိုင်းက တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းအကျဉ်းထောင် မှ အကျဉ်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီး လွှတ်ပေးခဲ့ကြောင်း သိရ
ကျောက်ဖြူအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၁၈၀ လွတ်ငြိမ်းခွင့်ပေး
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်ဖြူ အကျဉ်းထောင်ရှိ အကျဉ်းသား အကျဉ်းသူ  စုစုပေါင်း ၁၈၀ ယနေ့၊နံနက်ပိုင်းမှ စတင်ကာ လွတ်ငြိမ်းခွင့် ပေးလျက်ရှိပါ
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မိုးညှင်းဗဟိုအကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ ၃၆၁ ဦး လွတ်ငြိမ်းခွင့်ရရှိ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၁/၂၀၂၀ အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အကျဉ်းဦးစီးဌာန မိုးညှင်း ဗဟိုအကျဉ်းထောင်၌ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် သီတဂူသာသနာပြုအဖွဲ့၏ ဆန်၊ဆီ၊ဆား၊ ကြက်သွန်၊ ပဲ သီတဂူ နှစ်ဦးအလှူတော်ပွဲသို့ တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး ဉပဒေချုပ် ဉီးခင်မောင်လှနှင့်အတူ စစ်ကိုင်းခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ များ လိုက်ပါ၍ ယနေ့ နံနက် (၈)နာရီက စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး အပြည်ပြည်ဆိုင်ရာ သီတဂူ ဝိပဿနာ အကယ်ဒမီကျောင်း၌ သီတဂူဆရာတော် အရှင်ဉာဏိဿရ အမှူးပြုသော သီတဂူ သာသနာပြုအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့ မလွန်ဈေး ဆန်အလှူအသင်းကြီး တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သော စစ်ကိုင်း မင်းကွန်း မင်းဝံတောင်ရိုးကြီးသုံးရပ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားရိပ်သာ၊ ပရဟိတဂေဟာ၊ အမျိုးသမီးဂေဟာ၊ မသန်စွမ်းဂေဟာတို့အား ဆန်၊ဆီ၊ဆား၊ကြက်သွန်၊ပဲ လှူဒါန်းပွဲသို့ တက်ရောက်လှူဒါန်းခဲ့