သာယာဝတီအကျဉ်းထောင်မှ အကျဉ်းသား ၇၀၀ နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ

ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရကြောင်းသိရ
ပခုက္ကူမြို့နယ်၊ ကုက္ကိုလှအုပ်စု၊ ကုက္ကိုလှကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများနှင့်ကြုံတွေ့ရကြောင်း ဧပြီလ၁၇ ရက်တွင် ကျေးရွာဒေသခံ ပြည်သူများထံမှ သိရ
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီနှင့် ကမ္ဘောဇဘဏ်တို့ပူးပေါင်း၍ ကျန်းမာရေးအထောက်အကူပစ္စည်းနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိ

ညောင်ဦး အကျဉ်းထောင်မှ အကျဉ်းသား(၈၀)ကျော် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ညောင်ဦးအကျဉ်းထောင်မှ အကျဉ်းသား ကျား(၈၂)ဦး၊ မ (၇)ဦး၊ ပေါင်း (၈၉)ဦးတို့ကို ဧပြီလ ၁၇ ရက်က လွှတ်ပေးခဲ့ကြောင်း သိရ
ဒေးဒရဲမြို့နယ်၌ အခြေခံစားသောက်ကုန်များကို အခြေခံလူတန်းစားများ လက်ဝယ်အရောက် ဖြန့်ဝေပြီးစီး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးသည့် အခြေခံ စားသောက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီများကို ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများ၏ လက်ဝယ်အရောက် ယမန်နေ့က ဖြန့်ဝေပြီးစီးခဲ့ကြောင်း သိရ
ပုသိမ်မြို့အကျဉ်းထောင်မှ အကျဉ်းသား ၃၄၁ ဦး နိုင်ငံတော်သမ္မတ၏  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ
မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ အကျဉ်းထောင်/ စခန်းအသီးသီးရှိ အကျဉ်းသား/ အကျဉ်းသူများ အား စည်းကမ်း သတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလျက်ရှိရာ ယနေ့ နေ့လည်တွင် ပုသိမ် အကျဉ်းထောင်မှ အကျဉ်းသား(ကျား) ၃၂၆ ဦး၊ (မ) ၁၅ ဦး အား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့