ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံတွင် Isolation Ward ဆောင်ရွက်ထားရှိမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Isolation Ward ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ ညနေ ၄ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများက  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးဖျန်း 
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့ နံနက် ၉ နာရီက မြို့ပေါ်နေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်းများအား ဆောင်ရွက်ခဲ့ကြသည်။ 
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျ၍ နေအိမ်(၁)လုံး ပြိုကျပျက်စီး

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ မေ  ၃ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ခြင်း

(၃-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

မိုင်းယုမြို့ နမ့်ပန်းဒေသမှ Quarantine (၂၁)ရက်ပြုလုပ်ပြီးသော နေရပ်ပြန်ပြည်သူများအတွက် ကြိုတင်စီစဉ်ထားမှုများအား ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယုမြို့ အထူးဒေသ(၄)၊ နမ့်ပန်းဒေသ၌ Quarantine (၂၁)ရက် ပြုလုပ်ပြီးသောသော နေရပ်ပြန် ပြည်သူများအား မူလနေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကို ယနေ့ ညနေ ၃ နာရီက မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။ 
ပင်လုံမြို့ ပင်လုံအရှေ့ ကျေးရွာအုပ်စုရှိ ပြည်သူများအတွက် စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ 
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် သွားလာရန်ခက်ခဲပြီး စားနပ်ရိက္ခာများ လိုအပ်လျက်ရှိသည့် ပင်လုံအရှေ့ ကျေးရွာအုပ်စုရှိ ကျူရုံးကျေးရွာ၊ ကောင်းဆန်းကျေးရွာ၊ တာပူကျေးရွာ၊ ဝမ်လုံကျေးရွာ၊ ဝမ်အင်ကျေးရွာ၊ ပန်းတန်ကျေးရွာ ကျေးရွာ (၆) ရွာမှ အိမ်ခြေစုစုပေါင်း (၅၈) အိမ်ရှိ ပြည်သူများကို ယနေ့ မွန်းလွဲပိုင်းက စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။ 
ညောင်ရွှေမြို့နယ်တွင် နွေစပါး ဧက တစ်သောင်းကျော် စိုက်ပျိုးပြီးစီးကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်တွင် နွေစပါးစိုက်ဧက ၁၃၆၂၇ ဧက စိုက်ပျိုးပြီးစီးကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။