မိုးနဲမြို့၌ မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီး

ကျောက်ဆည်မြို့နယ်တွင် Facility Quarantine ဦးရေ(၂၃၁)ဦးရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သတ်၍ ယနေ့တွင် Facility Quarantine ဦးရေ (၂၃၁)ဦးရှိပြီး သတ်မှတ်ရက်ပြည့်ပြီး Home Quarantine သို့ ပြောင်းရွှေ့သွားသူ (၆)ဦး ရှိကြောင်း သိရသည်။
မိုးနဲမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီး
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု ဝမ်ယေးကျေးရွာနှင့် ကာမလန်းကျေးရွာတို့တွင် ယနေ့ ညနေ ၂ နာရီ ၄၅ မိနစ်က မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၀)လုံး၊ နွားခြံ တစ်ခြံနှင့် ဂိုတောင်တစ်လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကာ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ မေ ၃ ရက်တွင် ဝင်ရောက်သူမရှိ
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို မေ ၁ ရက်မှ စတင်လက်ခံလျက်ရှိရာ မေ ၃ ရက်နေ့တွင် ပြန်လည်ဝင်ရောက်လာမှုမရှိကြောင်း သိရသည်။
ဓနုဖြူမြို့နယ်သို့ တရုတ်နိုင်ငံမှ နေရပ်ပြန် (၆)ဦး ပြန်လည်ရောက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အလမျိုးကျေးရွာ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးစခန်းသို့ ယနေ့ နံနက် ၁၀နာရီခန့်က တရုတ်နိုင်ငံမှ နေရပ်ပြန်လာသူ (၆) ဦး ရောက်ရှိကြောင်း သိရသည်။ 
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြပ်ကြည့်ရှုမှု အခြေအနေ