ပင်းတယမြို့နယ်ရှိ သောက်သုံးရေရှားပါးသည့်ကျေးရွာများ၌ နေအိမ်အရောက် ရေပေးဝေရေး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် သောက်သုံးရေရှားပါးသည့် ကျေးရွာများ၌ နေအိမ်အရောက် ရေပေးဝေရေးလုပ်ငန်း များ ရာနှုန်းပြည့် ပြီးစီးနေမှုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်ဝင်းနှင့် ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်တို့က ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ
သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ နွေရာသီတွင် သောက်သုံးရေ အခက်အခဲ မရှိစေရေန်  ဒေသခံပြည်သူများပူးပေါင်းဆောင်ရွက်လျက်ရှိ
သနပ်ပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ နွေရာသီတွင် သောက်သုံးရေ အခက်အခဲမရှိစေရန် ဌာဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရ
ကော့ကရိတ်မြို့တွင် ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် လတ်တလောဖြစ်ပွားနေသော ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အနေဖြင့် နှာခေါင်းစည်း(mask) များအခမဲ့ဖြန့်ဝေ ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို ကော့ကရိတ်မြို့ လူစည်ကားရာ နေရာများတွင် ယမန်နေ့ ညနေ (၃)နာရီက ဆောင်ရွက်ခဲ့ကြ
ရွှေဘိုမြို့နယ်အတွင်းမှ လေဘေးသင့်အိမ်များအတွက်ထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ရွှေဘိုမြို့နယ်အတွင်း ဧပြီလ ၃၀ ရက် ညနေ ၆ နာရီခန့်က လေပြင်းတိုက် ခတ်မှုကြောင့် ပလိုင်း၊ ရေတော်မူ၊ဝါးရုံကန်နှင့်တက်တူကျေးရွာများရှိ လူနေအိမ်များ ပြိုကျပျက်စီးခြင်းနှင့် အမိုးလန်ဆုံးရှုံးမှုများဖြစ်ပွားခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံငွေနှင့်ပစ္စည်း များကို မေ ၂ ရက် မွန်းလွဲပိုင်းက ကျေးရွာများ အရောက်သွားရောက်ပြီး ထောက်ပံငွေနှင့် ပစ္စည်းများ ထောက်ပံပေးအပ်ခဲ့
မြောက်ဦးမြို့နယ်တွင် ဒေသထွက်လိုက်ချီးသီးများအား ယခင်နှစ်များထက် ဝယ်ယူသူနည်းပါးလျှက်ရှိ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒေသထွက်ရာသီပေါ်သီးနှံ လိုက်ချီးသီးများကို သင်္ကြန်ကျပြီး နောက်ပိုင်း ဧပြီလ နောက်ဆုံးပတ်မှစတင်ကာ ခူးဆွတ်ကောက်ယူပြီးဈေးကွက်အ တွင်းသို့ အလျင်အမြန် ရောင်းချလာသော်လည်း ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကုန်စည် ကူးသန်း ရောင်းဝယ်ရေးများ ကျဆင်းလာသည့်အတွက် ယခင်နှစ်များကထက် ဝယ်ယူသူနည်းပါး လျှက်ရှိကာ ဈေးလျှော့ရောင်းချ နေရကြောင်း လိုက်ချီးသီးလာရောင်းသူ တောင်သူများထံမှသိရ
မြိတ်မြို့၌ ပြည်သူများ နေ့စဉ် လမ်းလျှောက်အပန်းဖြေအနားယူလျက်ရှိသည့် ကမ်းနားလမ်း ပလက်ဖောင်းအား ကျပ်သန်း(၂၀ဝ)ကျော်ဖြင့်  အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပြည်သူများ နေ့စဉ်လမ်းလျှောက်အပန်းဖြေ အနားယူလျက်ရှိသည့် ကမ်းနားလမ်း ပလက်ဖောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျပ်သန်း (၂၀ဝ)ကျော်ဖြင့် စည်ပင်သာယာရေးကော်မတီဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဆောင်ရွက်လျက် ရှိ
မင်းဘူးမြို့နယ် ခရုကန်ကျေးရွာ၌ မြေသားရေကန်တိုးချဲ့တူးဖော်ပြီးပါက လူဦးရေ ၁၅၄၂ ဦးအား အကျိုးပြုနိုင်မည်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် ခရုကန်ကျေးရွာအုပ်စု ခရုကန်ကျေးရွာတွင် ကျေးရွာနေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာ အသုံးပြုနိုင်စေရန် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက မြေသားရေကန်တိုးချဲ့ တူးဖော်ခြင်းနှင့် ရေပိုလွှဲတည်ဆောက်လျက် ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရ