ပထမအကြိမ် အမျိုးသားကျန်းမာရေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ပြည်သူလူထုအား နှာခေါင်းစည်း (Mask) များ ဝေငှခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်

ပထမအကြိမ် အမျိုးသားကျန်းမာရေးနေ့ (National Health Day) အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် မန္တလေးမြို့ရှိ အသွားအလာများသော နေရာများ၊ စျေးများတွင် နှာခေါင်းစည်း (Mask) များဝေငှခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကို ပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းများအား တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လိုက်လံကြည့်ရှု အားပေးခဲ့သည်။
အာရှ-ပစိဖိတ် (၁၅) နိုင်ငံ ပါဝင်သည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို မြန်မာ ပါဝင်လက်မှတ်ရေးထိုး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် စတုတ္ထ အကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ပိတ်ပွဲအခမ်းအနားတို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။