ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၃၆)စုအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို လာရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို သည် တိုင်းဒေသကြီး ဆောက်လုပ်ရေး ၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ နိုဝင်ဘာ ၁၅ ရက် နံနက် ၈ နာရီက ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသည့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကံလှကျေးရွာ ၊ ဇီးကျွန်းကျေးရွာနှင့် ကျောင်းစု ကျေးရွာတို့မှ ကမ်းပါးပြို ဘေးသင့်အိမ်ထောင်စု(၃၆)စု အား တွေ့ဆုံ၍ လူနေအိမ်များ ပြောင်းရွှေ့ရမှုအတွက် ထောက်ပံ့ငွေများ ပေးအပ်ကာ အားပေးစကား ပြောကြားခဲ့







