ဘုတလင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ နှစ်ဦး ဆေးရုံက ဆေးခွင့်ရ

ဝန်ကြီးချုပ်ဦးဝင်းသိန်း ပဲခူးမြို့ပေါ်ရှိ အခြေခံလူတန်းစားများတွက် We Love Bagoအဖွဲ့သို့ အလှူငွေ လှူဒါန်း
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသည် နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်(၁၁)နာရီက ပဲခူးမြို့ပေါ် ရပ်ကွက်အသီးသီးရှိ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များလှူဒါန်းပေးနိုင်ရန် သီရိဟံခန်းမတွင် ဖွင့်လှစ်ထားရှိသော We Love Bago စုပေါင်းစွမ်းအား ကမ်းလက်များအဖွဲ့သို့ အလှူငွေများ လှူဒါန်းခြင်းနှင့် စောင့်ကြည့်စခန်းများရှိ စေတနာ့ဝန်ထမ်းများအတွက် နေ့လည်စာ ထမင်းထုတ်များ လှူ‌ဒါန်းပေးခြင်း အခမ်းအနားကျင်းပ ပြုလုပ်
အုန်းချောသီတဂူ စက္ခုဒါနဆေးရုံတွင် ပြန်လည် ဖွင့်လှစ်ပြီး လူနာများကို အခမဲ့ကုသပေး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝတောကျန် ဧက(၁၀ဝ၀)အတွင်း အပင်(၃၅၀ဝ)ကို ကွပ်လပ်ဖြည့်စိုက် ပျိုးပေးသွားမည်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ခတက္ကန်တောင်ကျေးရွာ၊ ဗောဓိတထောင်နယ်မြေအတွင်းရှိ ဖိုးခေါင် တောင်တန်းနှင့် ကျောက္ကာတောင်တို့တွင် သဘာဝတောကျန်အဖြစ် ထိန်းသိမ်းထားသော ဧက (၁၀ဝ၀) ဧရိယာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကွက်လပ်ဖြည့်စိုက်ခင်းများအဖြစ် အပင် (၃၅၀ဝ)ကို စိုက်ပျိုးပေးသွားရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦးထံမှ သိရ
ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာတွင် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

ကသာမြို့နယ် လျှပ်စစ်ကုန်းရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၅၈)စုတို့၏ အိမ်အရောက် ထောက်ပံ့ငွေများသွားရောက် ပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ လျှပ်စစ်ကုန်းရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ကြေးငွေများကို  နိုဝင်ဘာလ(၁၄)ရက်က တာဝန်ရှိသူများက ၎င်းတို့၏ အိမ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ