ကျေးလက်နေပြည်သူများထံ အိမ်တိုင်ရာရောက် ဟင်းသီးဟင်းရွက်မျိုးစေ့များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း  မိုင်းကိုင်မြို့နယ်အတွင်း  မိုးရာသီကာလ၌ ကျေးလက်နေပြည်သူများ ဟင်းသီးဟင်းရွက်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ရန်အတွက်  ယနေ့ နံနက်ပိုင်းက  မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးရဲသွေးကျော်နှင့် ဝန်ထမ်းများသည် ဝမ်ဟွေအွမ် ကျေးရွာအုပ်စု၊ လွိုင်ရှို့ကျေးရွာသို့ ကွင်းဆင်း၍ ကျေးလက်နေပြည်သူများထံ  ဟင်းသီးဟင်းရွက် မျိုးစေ့များကို  အိမ်တိုင် ရာရောက်  အခမဲ့ လိုက်လံဖြန့်ဝေ ပေးလျက်ရှိကြောင်း  သိရှိရ
မင်းဘူးမြို့နယ် ပန်းတောင်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု ရာနှုန်းပြည့်ပြီးစီး
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပန်းတောင်း ကျေးရွာ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရ
ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်
သဘာဝဘေးအန္တရာယ်နှင့် အခြားမမျှော်မှန်းနိုင်သည့် ဘေးအန္တရာယ်များ ကျရောက်ဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားရေး ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများ ထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ကော့သောင်းမြို့တွင် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့် လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရ
ငါ့သရောက်မြို့နယ် တစ်နယ်လုံး မိုးစတင်ရွာသွန်းခြင်းကြောင့် မြေပဲနှင့်နှမ်းများစတင်  စိုက်ပျိုး
မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်တွင် မေလ ၂၀ရက်နေ့ ည နေပိုင်း ၃ နာရီ ၁၅ မိနစ်အချိန်က ရွာသွန်းခဲ့သည့်မိုးကြောင့် ငါ့သရောက်မြို့နယ်ရှိကျေးလက် တောင်သူများ မြေပဲနှင့် နှမ်းများ ကြဲပက်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရ
ရေကြည်မြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂)လုံးပြိုကျပျက်စီး
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့ နယ်သစ်ဖြူပင်ကျေးရွာအုပ်စု ၊ သစ်ဖြူပင် ကျေးရွာတွင် မေ(၂၀)ရက် ညနေ (၃) နာရီက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂)လုံး အမိုးလန် ပြိုကျ ပျက်စီးခဲ့ကြောင်း သိရ
ဝန်းသိုမြို့နယ်တွင် ရွာတွင်းဘီးနင်းကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ၊ မော်နိုင်းအုပ်စု ၊ အင်ပင်ကျေးရွာတွင် ရွာတွင်းလမ်းများအား ဘီးနင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲ ၁နာရီ အချိန်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးမြတ်မျိုးထွန်း၊ အငယ်တန်း အင်ဂျင်ယာ -၂ ဒေါ်ဇာဇာထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ
Alliance Myanmar Tanai(NGO)အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Alliance  MyanmarTanai(NGO)အဖွဲ့က  ယမန်နေ့ နံနက်ပိုင်းက အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရ