မလေးရှားနိုင်ငံရောက် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့  

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၁၇၂)ဦးကို ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ 
အပြည်ပြည်ဆိုင်ရာ စေတနာလုပ်အားရှင်များနေ့ (INTERNATIONAL VOLUNTEER DAY) အထိမ်းအမှတ် Quarantine Centre များတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ စေတနာလုပ်အားရှင်များနေ့ (INTERNATIONAL VOLUNTEER DAY) အထိမ်းအမှတ်အဖြစ် မြင်းခြံမြို့ရှိ ပရဟိတအသင်းများ စုပေါင်း၍ Quarantine Centre များတွင် ယနေ့နံနက်က သန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်း၏ အစီအစဉ်ဖြင့် The Impact of COVID-19 on Myanmar Hotel Industry & Better Future ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ 
မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်းမှ  The Impact of COVID-19 on Myanmar Hotel Industry & Better Future ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
အွန်လိုင်းစနစ်ဖြင့် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာများ တတိယအကြိမ် အလုပ်ရုံဆွေးနွေး
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများနှင့် ဂျပန်နိုင်ငံ ရှန်တီ စေတနာ့ဝန်ထမ်းအဖွဲ့ Shanti Volunteer Association(SVA) တို့ ပူးပေါင်း ဆောင်ရွက်သော ၂၀၂၀ ပြည့်နှစ် တတိယအကြိမ်မြောက် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ .....
ကန်ပက်လက်မြို့နယ်နှင့် မင်းပြားမြို့နယ်သို့ ဆက်သွယ်သွားလာနိုင်သည့် လမ်းဖောက်လုပ်လျက်ရှိ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဟားခါး)မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေ ကျပ် ၂၅၉ ဒသမ ၁၆၀ သန်းဖြင့် .....
၂၀၂၀-၂၀၂၁ ခုနှစ် ရာသီဥတုပြောင်းလဲမှုအပေါ် မူတည်၍ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ရာသီဥတုပြောင်းလဲမှုအပေါ် မူတည်၍ သီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ Virtual Meeting စနစ်ဖြင့် ကျင်းပသည်။
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာပါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရေး အတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၌ လက်တွေ့အကောင် အထည် ဖော် ဆောင်ရွက်နေသည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့်  ဒီဇင်ဘာ  ၃ ရက်မှ  ၄   ရက်အထိ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။