မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စက်စက်ယိုကျေးရွာဓာတ်အားခွဲလိုင်းမှ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲ လျက်ရှိသည့် ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဧပြီ ၁၈ရက် နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ထရန်စဖော်များနှင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။