ဟင်္သာတ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် လယ်တီကျေးရွာအုပ်စု တောင်သူ ဦးအေးဟန်ပိုင် လယ်မြေ၌ ယနေ့နံနက်ပိုင်းက မိုးစပါး စံပြကွက် မှော်ဘီ(၃) မျိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ပြုလုပ်သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လှကြည်နှင့် ဘာသာရပ်ဆိုင်ရာ ပညာပေးအဖွဲ့က မျိုးသန့်၊ မျိုးစေ့ထုတ်နှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)နှင့် တောင်သူများ သိလိုသည့်အချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


