ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ ရုံးပတီသီး ဈေးကောင်းရရှိ၍ စီးပွားဖြစ်စိုက်ပျိုးအောင်မြင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ မုန်းချောင်းအနီး ကျေးရွာများတွင် ဒေသခံတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို စနစ်တကျသုံးစွဲ၍ ရုံးပတီသီးအား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ရုံးပတီသီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိ၍  လုပ်ငန်းအဆင်ပြေနေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရ
စလင်းမြို့နယ်တွင် ကုန်ထုတ်တံတားသစ်တည်ဆောက်ရန် ပန္နက်ရိုက်မင်္ဂလာအခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကုန်းသောင်ကျေးရွာတွင် ကုန်ထုတ်တံတားအသစ် တည်ဆောက်ရန်အတွက် ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီက  အဆိုပါတံတားသစ် တည်ဆောက်မည့် နေရာ၌ ကျင်းပပြုလုပ်
ကြို့ပင်ကောက်မြို့နယ်ရှိ ကျေးရွာ ၁၄ ရွာအား သောက်သုံးရေ ဖူလုံစွာရရှိရေး ဆောင်ရွက်သွားမည်
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၇၁ ဒသမ ၄၅ သန်း အသုံးပြုကာ ကျေးရွာ ၁၄ ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြို့ပင်ကောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်  Stay at Home သတ်မှတ်ထားသည့် ပုသိမ်မြို့၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည့် စစ်ဆေးရေးဂိတ်များ လှည့်လည်ကြည့်ရှု

သထုံမြို့နယ်၌ စပါးတင်း(၄၀ဝ)ကျ အခြောက်ခံစက် သရုပ်ပြပွဲ ပြုလုပ်
မွန်ပြည်နယ်၊ သထုံမြို့ရှိ အမှတ်(၈၈) စက်မှုလယ်ယာစခန်းတွင် တည်ဆောက်ထားသည့် စပါးတင်း (၄၀ဝ)ကျ အခြောက်ခံစက် သရုပ်ပြပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်၊ နံနက်က အဆိုပါ စခန်းဝင်းအတွင်း၌ ကျင်းပ
နတ်မောက်မြို့နယ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၃ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေး
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီက နတ်မောက်-ပျော်ဘွယ် ကားလမ်းဘေးရှိ ကိုဗစ်-၁၉ ရောဂါ ယာယီ စစ်ဆေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ /မရှိ စစ်ဆေးပေးခဲ့
မိုင်းယုဒေသ၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဟင်းသီးဟင်းရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း