ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းစေရေး မန္တလေးမြို့ သီရိမာလာဈေး တစ်ပတ်ခန့်ယာယီပိတ်သိမ်းရန် စီစဉ်
မန္တလေးမြို့ ကမ်းနားလမ်းရှိ သီရိမာလာဈေးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူ ၅၀ ကျော်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ တစ်ပတ်ခန့် ယာယီပိတ်သိမ်းရန် စီစဉ်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။






