မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်များတွင် ဖြစ်ပွားတတ်သော ခွေးရူးရောဂါအန္တရာယ် ကင်းဝေးစေရန်၊ ဒေသခံပြည်သူများအား ခွေးရူးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ဆေးများ ထိုးနှံသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိအမြင်များ တိုးပွားလာစေရန် ရည်ရွယ်၍ ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် ဝန်ထမ်းများက အိမ်မွေး ခွေး၊ ကြောင်များကို ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရ