ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီး ကျေးရွာချင်းဆက်လမ်းပေါ်တွင် ပေ ၃၀ အရှည်ရှိ ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်လျက်ရှိ

ကရင်ပြည်နယ်၊ ဘားဘံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်ပြီး ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီးကျေးရွာချင်းဆက်လမ်းပေါ်တွင် ပေ ၃၀ အရှည်ရှိ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မော်လူးမြို့တပ်ပေါင်းစု စေတီတော်တွင် အလှူရှင်တစ်ဦးမှ လျှပ်စစ်မီးလှူဒါန်းခဲ့သဖြင့် ဘုရားဖူး လာရောက်သူများ ၂၄ နာရီအဆင်ပြေ
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ မင်းသစ္စာရပ်ကွက်၊ White City ကုန်းမြေအနီးရှိ တပ်ပေါင်းစု ဆုတောင်းပြည့်စေတီတော်တွင် အလှူရှင်တစ်ဦးမှ ဇန်နဝါရီ ၂၁ ရက်နေ့က လျှပ်စစ်မီးအား (၂၄)နာရီ လှူဒါန်းခဲ့သဖြင့် ဘုရားဖူးလာရောက်သူများအတွက် အဆင်ပြေလွယ်ကူနိုင်တော့မည် ဖြစ်ကြောင်း မော်လူးမြို့အုပ်ချုပ်ရေးမှူးက ပြောကြား
ပွင့်ဖြူမြို့နယ်၌ လယ်မြေဧက ၃၀၀၀ ကျော် အကျိုးပြုစေမည့် ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မကွေးမြို့ အဝေးပြေးကားဝင်းအတွင်း ကိုဗစ်စစ်ဆေးရေးဂိတ် ထားသည့်အပေါ် စိုးရိမ်မှုများရှိနေ

မြို့သစ်မြို့ဟောင်း မီးမကူးရွာမှ ရှေးဟောင်းစေတီများကို ပြုပြင်ထိန်းသိမ်းပေးရန် လိုအပ်နေ
မြို့သစ်အမည်ဖြင့် ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ခဲ့ဖူးသော မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ မင်းလှမြို့နယ် အတွင်းရှိ မြို့သစ်ရွာ(ခေါ်)မီးမကူးရွာ၌ ရှေးဟောင်းစေတီတော် ၃၇ ဆူတည်ရှိပြီး ခေတ်ကာလရွေ့လျားကာ စေတီ ၄ ဆူ ပျက်စီးသွားပြီဖြစ်သည့်အတွက် ကျန်စေတီတော်များကို ပြုပြင်ထိန်းသိမ်းပေးရန် လိုအပ်နေကြောင်း ဒေသခံများထံက သိရ
သီရိမင်္ဂလာခုံးကျော်တံတား တည်ဆောက်စဉ်က သိမ်းဆည်းခဲ့သော မြေယာများအတွက် လျော်ကြေးငွေပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်၊ အိုးဘိုရပ်ရှိ သီရိမင်္ဂလာခုံးကျော်တံတား တည်ဆောက်စဉ်က သိမ်းဆည်းခံခဲ့ရသော မြေယာများအတွက် လျော်ကြေးငွေပေးအပ်ခြင်းကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။
ဒဂုံဆိပ်ကမ်းမြို့နယ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ ဇန်နဝါရီတတိယပတ်တွင် ဖွင့်လှစ်မည်
ရန်ကုန်တိုင်းဒေသကြီးအအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဦးစီးဌာနမှတည်ဆောက်သော နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာကို ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်ပြီးစီးပြီဖြစ်ရာ ဇန်နဝါရီ ၂၈ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း......................................................