အင်းတော်မြို့နယ်၌ မြေပဲစိုက်တောင်သူများအား Farmer to Farmer လေ့လာရေး ကွင်းသရုပ်ပြပွဲကျင်းပ

မယ်စဲ့မြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ငွေကျပ်သန်းပေါင်း ၂၁၁ သန်းကျော်ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက်က ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစောနေခလီးက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သိမ့်တွယ်တာက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ဝေါမြို့မဈေး၌ စားသုံးဆီအမျိုးမျိုးတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှု ရှိမရှိစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့မဈေးကြီး၌ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံပါဝင်ခြင်းရှိ မရှိ စစ်ဆေးခြင်းကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်၌ ကျေးရွာပေါင်း ၁၈ ရွာတွင် မြေအောက်ရရှိနိုင်စွမ်း ရှိ ၊ မရှိ တိုင်းတာဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရေးနှင့် ပူပြင်းခြောက်သွေ့သော နွေရာသီကာလ၌ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ရေရရှိရေးလုပ်ငန်းများကို နှစ်စဉ်ဘတ်ဂျက်လျာထားဆောင်ရွက်ပေးလျက်ရှိရာ စက်ရေတွင်း တူးဖော်ပေးနိုင်ရေး မြေအောက်ရေရရှိနိုင်စွမ်း (Geophysical Survey) တိုင်းတာဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၂ ရက်နေ့မှ စတင်တိုင်းတာဆောင်ရွက်ခဲ့ရာ ယနေ့တွင် ကျေးရွာ ၁၈ ရွာထိ တိုင်းတာဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိုင်းဖြတ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၁၀ဝ နှစ်အထက်၊ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ဇန်နဝါရီ ၂၁ ရက် နံနက် ၁၁ နာရီခွဲက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ် တော်ကူးကျေးရွာ၌ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး သင်တန်းဖွင့်လှစ်
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် တော်ကူးကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသင်တန်းကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီက တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။