လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား ပထမသုံးလပတ် လူမှုရေးပင်စင်များ ပေးအပ်

ကယားပြည်နယ်  လွိုင်ကော်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် ထောက်ပံ့ကြေးခံစားနေရသည့် အဘိုးအဘွားများအား ပုံမှန် လူမှုရေးပင်စင် ငွေကျပ်သုံးသောင်း ထောက်ပံ့ပေး အပ်ခြင်းကို ဇန်နဝါရီ ၂၂ ရက်  နံနက် ၁၀ နာရီက  လွိုင်ကော်မြို့ နောင်ယား(က)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံး၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေး ကျင်းပ
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရေနံချောင်းမြို့နယ် နဂါးကျေးရွာ၌ စတီး/သံဂဟေဆက်နည်း သင်တန်းဆင်းပွဲ ကျင်းပ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု စတီး/သံဂဟေဆက်နည်း သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် နံနက် ပိုင်းက နဂါးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အလုပ်သမားညွှန်ကြားရေးဉီးစီးဌာန၊ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပြသင် တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်အသုံးပြု၍ ကျင်းပသည်။
အစွန်းရောက်ဝါဒတိုက်ဖျက်ရေး လက်နက်ကိရိယာတစ်ခုအဖြစ် အားကစား၏ တန်ဖိုးများ အသုံးချရေးဆိုင်ရာ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ
အစွန်းရောက်ဝါဒတိုက်ဖျက်ရေး လက်နက်ကိရိယာတစ်ခုအဖြစ် အားကစား၏ တန်ဖိုးများ အသုံးချရေးဆိုင်ရာ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ တွင် Virtual Meeting ဖြင့် ကျင်းပသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် ဂျပန်-မြန်မာအသင်းတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်-မြန်မာအသင်း (Japan-Myanmar Association-JMA) တို့အကြား နယ်စပ်ဒေသလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အိန္ဒိယနိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆေးများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ
အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ထောက်ပံ့သည့် Serum Institute of India(SII)မှ ထုတ်လုပ်သော ကိုဗစ် ကာကွယ်ဆေး ၁ ဒသမ ၅ သန်း ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် .............