ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စုတွင် အခြေခံမိသားစုများအား ဆန်လှူဒါန်း
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဩဂုတ် ၄ ရက နံနက်ပိုင်းမှစ၍ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း အခြေခံလူတန်းစားများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်များ ထောက်ပံ့လှူဒါန်းခဲ့သည်။







