နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အောက်ဆီဂျင် ထုတ်လုပ်သုံးစွဲရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ဩဂုတ် ၄ ရက် မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ရဲမှူးကြီးကိုကိုလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။