ရမည်းသင်းမြို့ အကျဉ်းဦးစီးဌာနရှိ အချုပ်သား၊ အကျဉ်းသားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ဒုတိယနေ့ ဆက်လက်ထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အကျဉ်းဦးစီးဌာန၌ ဩဂုတ် ၄ ရက် နံနက်ပိုင်းက အချုပ်သား/သူနှင့် အကျဉ်းသား/သူများအား တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် ဒုတိယနေ့ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စုတွင် အခြေခံမိသားစုများအား ဆန်လှူဒါန်း
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဩဂုတ် ၄ ရက နံနက်ပိုင်းမှစ၍  လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း အခြေခံလူတန်းစားများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်များ ထောက်ပံ့လှူဒါန်းခဲ့သည်။
လာအိုနိုင်ငံမှ ပြန်လည်လွှဲပြောင်းသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအနက် ၈၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ ဩဂုတ် ၃ ရက်တွင် ပြန်လည်လွှဲပြောင်းသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၆၇ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးရာ ၈၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
နာဂဒေသ ဆွမ္မရာမြို့၌ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားရေး မြို့ဝင်/ထွက်ဂိတ်တွင် စောင့်ကြပ်စစ်ဆေးလျက်ရှိ

ဝေါလေမြိုင်မြို့၌ ဦးစားပေးအုပ်စုများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရရှိသည့် ဦးစားပေး အုပ်စုများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အထက(ဝေါလေမြိုင်)တွင် ဩဂုတ် ၃ ရက် နံနက်ပိုင်းမှ စတင်၍ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေး အလှူငွေများ လှူဒါန်းလျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမကွက်သစ်ကျောင်းတိုက်အတွင်း တည်ဆောက်မည့် စိန်ရတနာနာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများ လှူဒါန်းလျက်ရှိသည်။
အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များ ပေါက်ပွားမှုမရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလတွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းရှိ အမှိုက်များ ရှင်းလင်းခြင်းကို ဩဂုတ် ၄ ရက် နံနက်ပိုင်းက ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းနှင့် သီရိမင်္ဂလာလမ်းထောင့်ရှိ ချောင်းအတွင်းမှ အမှိုက်များကို ရှင်းလင်းခဲ့ကြောင်း သိရသည်။