(၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော် မုခ်ဦး နှင့် ပြခန်းများဖွင့်ပွဲ လွိုင်ကော်မြို့၌ကျင်းပ

(၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ ပွဲတော်မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁ဝ ရက်နေ့ နံနက် (၈)  နာရီက လွိုင်ကော်မြို့ စာတိုက်အဝိုင်းအနီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဇနီး ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး နှင့် ဇနီး ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊  တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊  ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။ 
ငပလီကမ်းခြေဒေသတွင် ပလတ်စတစ်ပြန်လည်သန့်စင်အသုံးပြုသော စက်ရုံဖွင့် 
ရခိုင်ပြည်နယ်၏အဓိကခရီးစဉ်ဒေသတစ်ခုဖြစ်သော ငပလီကမ်းခြေ၏ သာယာလှပမှု ပုံရိပ်ကောင်းများ ရေရှည်တည်တံ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်နိုင်စေရေးအတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏  ကြီးကြပ်လမ်းညွန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (စစ်တွေရုံးခွဲ)၏ ပံ့ပိုးမှု ၊ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်) နှင့် ဂျာမဏီနိုင်ငံအခြေစိုက် Stiftunglife Foundation တို့မှ ပူးပေါင်းကူညီမှုများဖြင့် ငပလီကမ်းခြေဒေသတွင် ပလတ်စတစ်ပြန်လည်သန့်စင်အသုံးပြုသော စက်ရုံဖွင့်ပွဲကို ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဘဏ္ဍာရေး၊အခွန်၊စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ၊ ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ကျောက်ပန်းတောင်းမြို့နယ်၌ ဖွင့်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါ က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် မီးဘေးတားဆီးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို  ကျောက်ပန်းတောင်းမြို့  အောင်မင်္ဂလာရပ်ကွက်ရှိ မီး သတ်ဦးစီးဌာနရုံးတွင်ဖွင့်လှစ်လျှက်ရှိကြောင်းသိရသည်။
စိုက်ပျိုးရေးသွင်းအားစုများနှင့် အကျိုးတူလယ်ယာစိုက်ပျိုးရေးစနစ် မြှင့်တင်ရေးအလုပ်ရုံးဆွေးနွေးပွဲ ကျင်းပ
ဧရာဝတီတိုင်းဒသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် မာစီကောတို့ ပူးပေါင်းပြုလုပ်သော စိုက်ပျိုးရေး သွင်းအားစုများနှင့် အကျိုးတူလယ်ယာစိုက်ပျိုးရေးစနစ် မြှင့်တင်ရေးအလုပ်ရုံးဆွေးနွေးပွဲကို ပုသိမ်မြို့ စွမ်းဟိုတယ်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ကျင်းပသည်။
မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ဖလံကျင်းဓာတ်အားခွဲရုံမှ ဖလံကျင်းကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာ ၂၂ ရွာမှ အိမ်ထောင်စု ၉၀ဝ ကျော်တွင် လျှပ်စစ်မီး လင်းနိုင်ခဲ့ပြီ
မိတ္ထီလာမြို့နယ် ဖလံကျင်းဓာတ်အားခွဲရုံ (33/11KV,5MVA)မှ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း ဘေးရှိ ဖလံကျင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ(၂၂)ရွာမှ အိမ်ထောင်စု ၉၉၃ စုကို ဇန်နဝါရီ ၃ ရက်မှ စတင်၍ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ခရိုင်လျှပ်စစ်ရုံးမှ သိရသည်။
လူငယ်များ၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ ပြုလုပ်မည်
မွန်ပြည်နယ်၊ သထုံမြို့နယ် ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းကာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူငယ်များ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (Public Talk) ကို ကွန်ပျူတာတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ဇန်နဝါရီ ၁၃ ရက်၊ နံနက် ၁၀ နာရီမှ စတင်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားပွဲတွင် ယာဉ်ရပ်နားခကောက်ခံသည့်စနစ်ကို ဖျက်သိမ်းမည်
လာမည့် ဖေဖော်ဝါရီ ၉ ရက်မှစတင်ကာ ရက်ပေါင်း ၇၀ ခန့် ကျင်းပသွားမည့် မန်းရွှေစက်တော်ဘုရားပွဲ၌ ယာဉ်ရပ်နားခ ကောက်ခံသည့်စနစ်ကို ယခုနှစ်မှစ၍ ဖျက်သိမ်းသွားမည်ဖြစ်သည့်အတွက် ပွဲတော်လာယာဉ်များ ရပ်နားခပေးဆောင်ရတော့ မည် မဟုတ်ကြောင်း ရွှေစက်တော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။