မန္တလေးမြို့တော် လုံခြုံရေးအတွက် အသိဉာဏ်တုပါဝင်သော ကင်မရာများကို မြို့နယ် ၃ ခုတွင် တပ်ဆင်နိုင်ရန် စီစဉ်

မန္တလေးမြို့တော် လုံခြုံရေးအတွက် AI (Artificial Intelligence- အသိဉာဏ်တု) နည်းပညာ ပါဝင်သော ကင်မရာများကို မြို့နယ် ၃ ခုတွင် တပ်ဆင်နိုင်ရန် စီစဉ်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံကသိရသည်။
ရတနာပုံမ်ရွှေမြို့တော် (မန္တလေး) မြို့တည်နန်းတည် နှစ်(၁၆၀)ပြည့် အထိမ်းအမှတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီး တည်ထောင်ခဲ့သော ရတနာပုံမ်ရွှေမြို့တော် (မန္တလေး) မြို့တည်နန်းတည် နှစ်(၁၆၀)ပြည့် အထိမ်းအမှတ်ပွဲတော်ကို မန္တလေးမြို့တွင် မေ ၂၄ ရက် မှ ၂၆ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း အဆိုပါပွဲဖြစ်မြောက်ရေး ကော်မတီ မှ အတွင်းရေးမှူး ထိပ်တင်ဝဏ္ဏစိုး က ပြောကြားသည်။
မိခင်ဝိုင်းများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်
မိခင်ဝိုင်းများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် ကျီခါးမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှ၌ ၂၀၁၉ ခုနှစ် မိုးရာသီ စပါးစိုက်ပျိုးရေး စရိတ်များ စတင်ထုတ်ချေးပေး
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် တောင်သူများ ၂၀၁၉ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် --------------
မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် Shelter Home များ ဆောက်လုပ်ရာတွင် မသန်စွမ်းသူများအတွက်ပါ ထည့်သွင်းဆောက်လုပ်သွားမည်
မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် Shelter Home များ တည်ဆောက်ရာတွင် မသန်စွမ်းသူများအတွက်ပါ အဆင်ပြေစေရန် ထည့်သွင်းဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောသည်။
၀က်လက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သောက်ရေများလှူဒါန်း
ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ သောက်ရေ အခက်အခဲ ဖြစ်နေသော ကျေးရွာများဖြစ်သည့် တချမ်းသာ ကျေးရွာနှင့် ဆားဘိုကုန်း ကျေးရွာများသို့ ယနေ့ မွန်လွဲ ၁ နာရီက သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထားဝယ်၌ ဆင်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး
ဆင်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ စည်ပင်သာယာဈေးကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။