မလှိုင်မြို့နယ်၌ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

မလှိုင်မြို့နယ်တွင် ၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ် (မလှိုင်ဘဏ်ခွဲ ) မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၁၉ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေ ၆ ရက်မှ စတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရေရှားပါးသော ကျေးရွာများသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကွင်းဆင်းကြည့်ရှု
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်တို့သည် တာဝန်ရှိသူများနှင့်အတူ မေ ၆ ရက် ညနေပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုရှိ ရေရှားပါးသည့် ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျွန်းလှတွင် မြေယာမူဝါဒနှင့် ဥပဒေများ အသိပညာပေး သင်တန်းဖွင့်လှစ်
မြန်မာနိုင်ငံတွင် ပြဌာန်းထားသော မြေယာမူဝါဒနှင့် ဥပဒေများအား တောင်သူလယ်သမားများ သိရှိနားလည်စေရန် ရည်ရွယ်၍ မေ ၆ ရက်မှ ၇ ရက် အထိ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် သီတဂူ ဗုဒ္ဓတက္ကသိုလ်တွင် အသိပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မသန်စွမ်းအကျုံးဝင်သော ဘေးအန္တရာယ်လျော့ပါးရေး သင်တန်းဖွင့်
မသန်စွမ်းအကျုံးဝင်သော ဘေးအန္တရာယ်လျော့ပါးရေး သင်တန်းဖွင့်ပွဲကို မေ ၆ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာဟောပြောပွဲနှင့် ကျေးလက်နေ ပြည်သူများအား အခမဲ့ဆေးဝါး ကုသပေး
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သာယာဝတီမြို့၊ အရှေ့သပြေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ မေ ၆ ရက် နံနက် ၉ နာရီက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာဟောပြောပွဲပြုလုပ်ပြီး --------
မြို့နှင့် ၉ မိုင်ခန့် ကွာဝေးသော တင်ဆိပ်ကျေးရွာသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် မြို့နှင့် ၉ မိုင်ခန့်ကွာဝေးပြီး သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေသော တင်ဆိပ်ကျေးရွာနှင့် သရက်ကိုင်းကြိုး ကျေးရွာသို့ မြို့နယ်ရဲတပ်ဖွဲ့မှ မေ ၆ ရက်တွင် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။