အင်းလေးနှင့် ပုဂံလူရည်ချွန်အပန်းဖြေစခန်းမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန် မောင်/မယ်များအား ရေနံချောင်းမြို့၌ လှိုက်လဲစွာကြိုဆို
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ၂၀၁၉ ခုနှစ် လူရည်ချွန် မောင်/မယ် သုံးဦးသည် အင်းလေးနှင့် ပုဂံလူရည်ချွန်အပန်းဖြေစခန်းမှ ဒေသန္တရဗဟုသုများ သွားရောက်လေ့လာပြီး ယနေ့နံနက် ၇ နာရီက ရေနံချောင်းမြို့သို့ ပြန်လည်ရောက်ရှိရာ ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို အ.ထ.က(၁)ကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။





