လေပြင်းတိုက်ခတ်မှုကြောင့် ဇီးကုန်းမြို့နယ်တွင် နေအိမ်အချို့ပျက်စီး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် မေ ၄ ရက် ညနေ ၆ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးသွားခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မြင်းသောက်ကန် ရေကန်တူးဖော်ပြုပြင်ပြီး အထိမ်းအမှတ်အခမ်းအနား တက်ရောက်
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဆားတောင်ကျေးရွာအုပ်စု မကျီးပင်တပ်ကျေးရွာ မြင်းသောက်ကန် ရေကန်တူးဖော်ပြုပြင်ပြီး အထိမ်းအမှတ်ဖဲကြိုးဖြတ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ဝင်းတို့က မြင်းသောက်ကန်ပေါင်ပေါ်တွင် ဖဲကြိုးဖြတ်၍ ဖွင့်လှစ်သည်။
ဓနုဖြူတွင် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး
ဓနုဖြူမြို့တွင် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို မေ ၄ ရက်က အမှတ် (၁၅)ရပ်ကွက် တောင်ပေါ်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးငယ်များ စကားပုံဝေါဟာရ ကြွယ်ဝစေရန် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များ စကားပုံဝေါဟာရ ကြွယ်ဝစေရန် စကားပုံဆက်ပြိုင်ပွဲအား မေ ၄ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူတွင် (၇၃)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကျင်းပ
(၇၃)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ပခုက္ကူခရိုင် မီးသတ်ဦးစီးဌာနစခန်းတွင် မေ ၅ ရက်နေ့ နံနက် ၇ နာရီက ကျင်းပရာ
(၇၃)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့၌ မကွေးမီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်ပြသ
၂၀၁၉ ခုနှစ် မေ ၅ ရက်တွင် ကျရောက်သည့် (၇၃)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို မကွေးခရိုင် အားကစားကွင်းထဲ၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များက ၎င်းတို့၏ စွမ်းရည်များကို ခေတ်မီစက်ကိရိယာများနှင့်အတူ ပူးတွဲပြသခဲ့ကြောင်း သိရသည်။
“ဝ” အထူးဒေသ(၂)မှ မိုင်းဆတ်-တာချီလိတ်ကားလမ်း လမ်းအသုံးပြုခကောက်ခံခြင်းကို မေ ၁ ရက်မှစ၍ ရပ်ဆိုင်း 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်ကို ဆက်သွယ်ထားသော မိုင်းဆတ်-တာချီလိတ် ကားလမ်းအား “ဝ” အထူးဒေသ(၂)မှ မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းကန်းကျေးရွာအနီးတွင် မောင်းတံတား၍ လမ်းအသုံးပြုခ ကောက်ခံနေခြင်းကို မေ(၁)ရက်မှစ၍ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။