ဆီဆိုင်မြို့နယ်တွင် ပြောင်းစိုက်ဧက ၁၅၀ ခန့် ငမြှောင်တောင်ပိုး ကျရောက်ဖျက်ဆီးခဲ့မှုအား ကာကွယ်နှိမ်နင်းနိုင်ခဲ့

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု အတွင်းရှိ နောင်အယ်ကျေးရွာနှင့် ထီဖူးကျေးရွာတို့မှ တောင်သူများ ရေသွင်းစိုက်ပျိုးထားသော နွေပြောင်းသီးနှံ စိုက်ခင်းအချို့တွင် ဧပြီ ၂၇ ရက်က ငမြှောင်တောင်ပိုး ကျရောက်ဖျက်ဆီးခဲ့မှုအား ကာကွယ်နှိမ်နင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးH.E. Mr. Heuangseng Khamdalavong အား လက်ခံတွေ့ဆုံ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးH.E. Mr. Heuangseng Khamdalavong အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
သံတွဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဝါယာရိန်းသင်တန်းဖွင့်လှစ်
သံတွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(သံတွဲ) တို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်ရည်ရွယ်ပြီး  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဝါယာရိန်းသင်တန်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ ဒုတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်း ဒုတိယနေ့ ဆက်လက်ကျင်းပ
မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ ဒုတိယအကြိမ် အကြံပြု ဆွေးနွေးဝိုင်း ဒုတိယနေ့ကိုယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ဆက်လက်ကျင်းပသည်။
ရခိုင်ပြည်နယ် ငါး၊ ပုစွန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနဆောင်ရွက်ခြင်းနှင့် သင်တန်းဖွင့်လှစ်
ငပလီကမ်းခြေ၌ ကျင်းပခဲ့သော Rakhine State Investment Fair တွင် ထိုင်းနိုင်ငံ IBERD အဖွဲ့အစည်းနှင့် လက်မှတ်ရေးထိုးခဲ့သည့် Project Proposal ၏ နောက်ဆက်တွဲလုပ်ငန်းစဉ် စတင်အကောင်အထည်ဖော်ခြင်းအနေဖြင့်
သဘာဝသစ်ရွက်များဖြင့် တစ်ခါသုံးပန်းကန်ပြားများထုတ်လုပ်ရန် ဆောင်ရွက်နေ
သဘာဝသစ်ရွက်များဖြင့် တစ်ခါသုံး ပန်းကန်ပြားများ ထုတ်လုပ်ရန် ဆောင်ရွက်နေကြောင်း A Grace Hydraulic Pressing Machine စက်ထုတ်လုပ်ရောင်းဝယ်ရေးမှ စွန့်ဦးတီထွင်သူ ဦးကျော်မိုးက ပြောသည်။
မဏိပူရ်မြစ်ကူး(ဒါတ်တား)တံတား ဖွင့်ပွဲအခမ်းအနား ကျင်းပ
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းအရ အိန္ဒိယသမ္မတနိုင်ငံ၏ ဒုတိယအကြိမ် အထောက်အပံ့ ရန်ပုံငွေကျပ်သန်း (၅၁၀) ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပြီးစီးခဲ့သည့်-------------