မောင်တောမြို့နယ်၌ သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ရေသန့်ဗူးများလှူဒါန်း
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ သောက်သုံးရေရှားပါးသော ငွေတောင်ကျေးရွာနှင့် သာယာကုန်းကျေးရွာသို့ မေ ၇ ရက်တွင် မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းမြင့်ထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက သောက်ရေသန့်များ လှူဒါန်းခဲ့ကြောင်း သိရသည်။






