အောင်လံမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား ကျင်းပ 

အောင်လံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျင်းပသော ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ(သံဃာဆောင်) တွင် ကျင်းပခဲ့သည်။
လွိုင်ကော်မြို့နယ်၌ စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး 
ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ စားသောက်ကုန်ထုတ်လုပ်သည့် မုန့်ဖိုများ၌ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချနိုင်ရေးအတွက် ကွင်းဆင်းအသိပညာပေးခြင်းကို မေ ၇ ရက်က နွားလဝိုးကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ်၌  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ  စတင်ထုတ်ချေး 
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
လူထုဟိုပြုစီမံကိန်းအရ ဆောင်ရွက်သော ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် စမ်းရေခုံကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သော ကွန်ကရစ်ဓာတ်တိုင် စိုက်ထူခြင်းနှင့် မီးကြိုးသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပ်ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မျိုးစေ့ဥပဒေနှင့် မျိုးစေ့ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပညာပေးသင်တန်းဖွင့်
မျိုးစေ့ဥပဒေနှင့် မျိုးစေ့ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပညာပေးသင်တန်းကို ယနေ နံနက် ၉ နာရီက ကရင်ပြည်နယ် ဖာပွန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ပညာပေးဟောပြောပွဲ ပျဉ်းမနားမြို့နယ်တွင် ပြုလုပ်
ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီက ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မြောက်ဦးမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျှက်ရှိ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မေ ၇ ရက်က မြောက်ဦးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။