​​​​​​​ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် မတော်တဆမှုဖြစ်ပွား လေယာဉ် ကိုယ်ထည်နှင့် တောင်ပံနှစ်ဖက်ကျိုးပဲ့ပျက်စီး၊ ခရီးသည်များထိခိုက် ဒဏ်ရာရရှိ

ဥရောပနေ့အထိမ်းအမှတ် ဧည့်ခံပွဲကျင်းပ
ဥရောပနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ၈ မေ   

AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်နေသူများအား ဆက်လက်စစ်ဆေးဆောင်ရွက်၊ ပတ်သက်ဆက်နွယ်မှုမရှိသူ ၃၅ ဦးအား ပြန်လည်စေလွှတ်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ စာသင်ကျောင်းတွင် AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူ မသင်္ကာဖွယ်အမျိုးသား ၂၇၅ ဦးအား တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ခေတ္တထိန်းသိမ်းထားရှိပြီး စစ်ဆေးမေးမြန်းလျက်ရှိရာမှ AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုမရှိသူ ၁၂၆ ဦးအား မေ ၂ ရက်တွင်လည်းကောင်း၊ ၄၈ ဦးအား မေ ၆ ရက်တွင်လည်းကောင်း ပြန်လည်စေ လွှတ်ပေးခဲ့ပြီး ယနေ့တွင် ၃၅ ဦးအား မသင်္ကာဖွယ်စာရင်းမှ ပယ်ဖျက်ပြီး ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။
ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ တောင်ကြီးမြို့တွင် လေးရက်ကြာဒေသစာရီ ကြွချီအပူဇော်ခံမည်
နေပြည်တော်ရှိ ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား ရှမ်းပြည်နယ် တောင်ကြီးမြို့ ကျောက်တိုင်ကွင်းအားကစားရုံတွင် မေ ၉ ရက်မှ ၁၂ ရက်အထိ လေးရက်ကြာ အပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E.Mr Wouter Jurgens အား လက်ခံတွေ့ဆုံ
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E.Mr Wouter Jurgens အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ