ငါ့သရောက်မြို့တွင် မေလအတွင်းက ရွာသွန်းခဲ့သောမိုးဖြင့် စိုက်ပျိုးထားသည့် မြေပဲများဖြစ်ထွန်းလာ
ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်အတွင်း မေလ ၂၈ ရက် ညပိုင်းက ရွာသွန်းမိုးဖြင့် ငါ့သရောက်မြို့နယ်အတွင်း သုံးလမြေပဲနှင့် ခြောက်လမြေပဲစိုက်ပျိုးခဲ့ရာ မြေပဲပင်ပေါက်များ အပင်ဖြစ်ထွန်းမှု သန်မာထွားကြိုင်းလာခဲ့ရာ အောင်မြင်ဖြစ်ထွန်းလာလျက်ရှိကြောင်း ကုလားတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ပြောပြချက်အရ သိရသည်။







