ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဂွမြို့နယ်တွင်းရှိ ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ဂွ ၄ ဇွန်

 


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဂွမြို့နယ်အတွင်းရှိ တောင်ပေါက်ကျေးရွာ၊ ရွှေယချိုင်ကျေးရွာ၊ မြို့မရပ်ကွက် (အလယ်ရွာ) တို့မှ ဒေသခံပြည်သူများအား တွေ့ဆုံသည်။

 

ee33

 


တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အမှာစကားပြောကြားခဲ့ပြီး ကျေးရွာများအလိုက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးနိုင်က တင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာဌာန ဆိုင်ရာများက ပြန်လည်ရှင်းလင်းပြောကြားသည်။ 

 

dd33

 


ဆက်လက်၍ ကျေးရွာများ၏ လိုအပ်ချက်များကို ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 


ဂွမြို့နယ်(ပြန်/ဆက်)