ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် Energize Myanmar Co., Ltd မှ Mr. Billy Harkin နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၄ ဇွန် 

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်သည် Energize Myanmar Co., Ltd မှ Mr. Billy Harkin နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။    

တွေ့ဆုံစဉ် အလယ်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဆက်လက်လုပ်ဆောင်ခွင့်ပြုနိုင်ရေးနှင့်  လျှပ်စစ်ဓါတ်အားခ အရှုံးပေါ်မှုကိစ္စရပ်များအား ကူညီဖြေရှင်းပေးနိုင်မည့် လုပ်ငန်းအခြေအနေများကို ရင်းနှီးပွင့်လင်းစွာတင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

သတင်းစဉ်