မြို့နယ်များရှိ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များအား ရန်ကုန်မြို့တော်ဝန် ခေါ်ယူတွေ့ဆုံ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံ အဖွဲ့၊ ပြည်သူ့ကျန်းမာရေးနှင့် ဈေးများလုပ်ငန်းတာဝန်ခံအဖွဲ့နှင့် မြို့နယ်များရှိ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များအား ယနေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့တော်ခန်းမ အစည်းအဝေးခန်းမကြီး၌ တွေ့ဆုံပြီး လုပ်ငန်းလမ်းညွှန်များ မှာကြားခဲ့သည်။








